အခန်း (၂၅) Grammar များ
V-れば – “ဆိုရင် “ (ဖြစ်နိုင်ခြေ မြင့်မားတဲ့ အခြေအနေ၊ လုပ်ရင်ဖြစ်မယ်ဆိုတဲ့အခြေနေမှာသုံးပါတယ်။)
Group 1 ကြိယာများ (〜う လိုင်း)
- よみます → よむ → よめば
この ほんを よめば、よく わかります。
ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ကောင်းကောင်းနားလည်ပါလိမ့်မယ်။
Group 2 ကြိယာများ (〜え လိုင်း)
- たべます → たべる → たべれば
やさいを たべれば、げんきに なります。
ဟင်းသီးဟင်းရွက်စားရင် ကျန်းမာလာပါလိမ့်မယ်။
Group 3 ကြိယာများ (します / きます)
- します → する → すれば
もっと れんしゅうすれば、じょうずに なります。
နောက်ထပ် လေ့ကျင့်မယ်ဆိုရင် ကျွမ်းကျင်လာပါလိမ့်မယ်။
V-たら “ရင် 〜လျှင်” (လုပ်ဆောင်ချက်နှင့် အစီအစဉ်များ)
- うちに帰ったら、すぐごはんをたべます。
အိမ်ပြန်ရောက်ရင် ချက်ချင်း ထမင်းစားပါမယ်။
- ひまだったら、いっしょにいきませんか。
အားတယ်ဆိုရင် အတူတူသွားမလား။
- もしあめがふったら、コンサートはちゅうしになります。
အကယ်၍ မိုးရွာရင် ဂီတပွဲဖျက်သိမ်းပါလိမ့်မယ်။
V-ると “〜သောအခါ” (အမြဲတမ်း/သေချာပေါက် ဖြစ်တတ်သော အခြေအနေများ )
V-たら いいですか: “ဖြစ်ရင်ဘယ်လိုလုပ်ရမလဲ?” (အကြံဉာဏ်တောင်းခံခြင်း)
- 日本語が じょうずに なりたいですが、どうしたら いいですか。
ဂျပန်စကား တတ်ကျွမ်းချင်ပါတယ်၊ ဘယ်လိုလုပ်ရင် ကောင်းမလဲ (ဘယ်လိုလုပ်ရမလဲ)?
