အရောင်များအကြောင်း 色 (いろ)
အခြေခံအရောင်များ (基本色 – きほんしょく)
- 白 (しろ) – အဖြူ
- 黒 (くろ) – အမည်း
- 赤 (あか) – အနီ
- 青 (あお) – အပြာ
- 黄色 (きいろ) – အဝါ
- 緑 (みどり) – အစိမ်း
အခြားအရောင်များ (その他の色)
- ピンク– ပန်းရောင်
တခါတရံ 桃色 (ももいろ) လို့လည်း သုံးပါတယ်။ (မက်မွန်ရောင်) - オレンジ – လိမ္မော်ရောင်
တခါတရံ 橙色 (だいだいいろ) လို့လည်း သုံးပါတယ်။ - 紫 (むらさき) – ခရမ်းရောင်
- 灰色 (はいいろ) သို့မဟုတ် グレー – မီးခိုးရောင်
- 金色 (きんいろ) – ရွှေရောင်
- 銀色 (ぎんいろ) – ငွေရောင်
- 茶色 (ちゃいろ) – အညိုရောင်
- 空色 (そらいろ) သို့မဟုတ် 水色 (みずいろ) – ကောင်းကင်ပြာရောင်
- 紺色 (こんいろ) – နက်ပြာရောင်
- 黄緑 (きみどり) – ဖျော့တော့သောအစိမ်းရောင် (အဝါစိမ်း)
- マゼンタ – တောက်ပသောပန်းရောင် (အင်္ဂလိပ်လို Magenta ကနေလာတာပါ)
ဂျပန်လို အရောင်တွေကို နာမဝိသေသနအဖြစ် သုံးတဲ့အခါ ပုံစံနှစ်မျိုးရှိပါတယ်။
“い” နဲ့ဆုံးတဲ့ အရောင်နာမဝိသေသနများ:
- 赤い (あかい) – နီသော
- 青い (あおい) – ပြာသော
- 黄色い (きいろい) – ဝါသော
- 黒い (くろい) – မည်းသော
- 白い (しろい) – ဖြူသော
ဥပမာ:
赤い車 (あかいくるま) – နီသောကား
青い空 (あおいそら) – ပြာသောကောင်းကင်
“な” နဲ့ဆက်သော အရောင်များ (များသောအားဖြင့် Katakana နဲ့ရေးတဲ့ အရောင်တွေ ပါဝင်ပါတယ်)
ピンクな – ပန်းရောင်ရှိသော
オレンジな – လိမ္မော်ရောင်ရှိသော
グレーな – မီးခိုးရောင်ရှိသော
တခြားအရောင်နာမ်တွေကို “の” နဲ့ဆက်ပြီး နာမဝိသေသနအဖြစ် သုံးနိုင်ပါတယ်။
紫の (むらさきの) – ခရမ်းရောင်ရှိသော
茶色の (ちゃいろの) – အညိုရောင်ရှိသော
ဥပမာ:
ピンクの花 (ピンクのはな) – ပန်းရောင်ပန်း
オレンジのジュース (オレンジのジュース) – လိမ္မော်ရည်
紫のハンカチ (むらさきのハンカチ) – ခရမ်းရောင်လက်ကိုင်ပုဝါ
အရောင်တွေနဲ့ ဆက်စပ်တဲ့ စကားလုံးများနှင့် အသုံးအနှုန်းများ
- 色鉛筆 (いろえんぴつ) – ရောင်စုံခဲတံ
- 色紙 (いろがみ) – ရောင်စုံစက္ကူ
- 色々な (いろいろな) – အမျိုးမျိုးသော၊ ရောင်စုံ
- 原色 (げんしょく) – မူလအရောင် (အနီ၊ အပြာ၊ အဝါ)
- 中間色 (ちゅうかんしょく) – ကြားအရောင် (ဥပမာ – အစိမ်း)
- パステルカラー – ပါစတယ်အရောင် (Pastel color)
- 鮮やかな (あざやかな) – တောက်ပသော၊ လှပသော (အရောင်အတွက်သုံးနိုင်သည်)
- 薄い (うすい) – ပါးသော၊ ဖျော့သော (အရောင်အတွက်သုံးနိုင်သည် – ဥပမာ 薄い青 – ဖျော့တော့သောအပြာ)
- 濃い (こい) – ထူသော၊ ရင့်သော (အရောင်အတွက်သုံးနိုင်သည် – ဥပမာ 濃い赤 – ရင့်သောအနီ)
