ညီအစ်ကိုနှစ်ယောက်နှင့်ရွှေအိုး

ဝေါဟာရ နှင့် ခန်းဂျီး ရှင်းလင်းချက်

  • 昔々(むかしむかし) – ရှေးရှေးအခါက
  • 村(むら) – ကျေးရွာ
  • 仲の良い(なかのよい) – ချစ်ခင်ရင်းနှီးသော
  • 兄弟(きょうだい) – ညီနောင်
  • 兄(あに) – အစ်ကို
  • 正直(しょうじき) – ရိုးသားခြင်း
  • 働き者(はたらきもの) – ကြိုးစားသူ
  • 親切(しんせつ) – ကြင်နာသော
  • 弟(おとうと) – ညီ
  • 意地悪(いじわる) – စိတ်ဆိုးသူ
  • 怠け者(なまけもの) – ပျင်းရိသူ
  • 文句(もんく) – မကျေနပ်ချက်
  • 喧嘩(けんか) – ရန်ဖြစ်ခြင်း
  • 神様(かみさま) – ဘုရားသခင်
  • 道端(みちばた) – လမ်းဘေး
  • 困る(こまる) – အခက်တွေ့သည်
  • お年寄り(おとしより) – သက်ကြီးရွယ်အို
  • 駆け寄る(かけよる) – ပြေးသွားကူညီသည်
  • 荷物(にもつ) – ပစ္စည်း
  • 喉が渇く(のどがかわく) – ရေဆာသည်
  • 報酬(ほうしゅう) – ဆုလာဘ်
  • 金色(きんいろ) – ရွှေရောင်
  • 壺(つぼ) – အိုး
  • 望む(のぞむ) – လိုလားသည်
  • 富(とみ) – ချမ်းသာ
  • 陰(かげ) – အရိပ်
  • 妬ましい(ねたましい) – မနာလို ဖြစ်ခြင်း
  • ふり – ဟန်ဆောင်ခြင်း
  • お見通し(おみとおし) – သိမြင်နေခြင်း
  • 嘘つき(うそつき) – မုသား
  • 怒る(おこる) – စိတ်ဆိုးသည်
  • 取り上げる(とりあげる) – သိမ်းယူသည်
  • 授かる(さずかる) – ရရှိခြင်း
  • 裕福(ゆうふく) – ချမ်းသာခြင်း
  • 後悔(こうかい) – နောင်တရခြင်း
  • 反面教師(はんめんきょうし) – ဆိုးသောနမူနာ

昔々、ある村に、仲の良い二人の兄弟がいました。兄はとても正直で働き者、誰にでも親切でした。一方、弟は意地悪で怠け者、いつも文句ばかり言っていました。二人はいつも些細なことで喧嘩ばかりしていました。

ある日、村の近くの道を神様が通りかかりました。神様は、道端で困っているお年寄りの姿を見つけました。その時 正直な兄はすぐに駆け寄り、お年寄りを助けました。重い荷物を持ち上げてあげたり、喉が渇いているだろうとお水を分けてあげたりしました。お年寄りは大変喜び、兄に金色の小さな壺を報酬として与えました。「あなたは親切な心の持ち主ですね。この壺には、あなたの望む富が入っていますよ。」

意地悪な弟は、その様子を陰から見ていました。兄が金色の壺をもらったことを知ると、ひどく妬ましく思いました。次の日、弟も同じように道端で困っているお年寄りのふりをしました。すると、昨日のお年寄りが再び通りかかりました。弟は助けるふりをしましたが、心の中では金色の壺をもらうことしか考えていませんでした。

しかし、神様はお見通しでした。「あなたは心が優しくありませんね。報酬はありません。」と言って、弟には何も与えませんでした。それどころか、弟の嘘つきな態度に怒り、持っていたわずかなお金まで取り上げてしまいました。

正直な兄は、神様から授かった金色の壺のおかげで裕福になりましたが、以前と変わらず、村の人たちに親切にし、困っている人を助けました。一方、意地悪な弟は、自分の行いを後悔しましたが、すでに遅すぎました。彼は報酬を得ることもできず、普通の貧しい生活を送ることになりました。

それからというもの、村人たちは正直で親切な兄を尊敬し、意地悪で怠け者の弟を反面教師として、心を大切に生きるようになったということです。

အသံဖိုင်နားထောင်ရန်


ရှေးရှေးတုန်းက ရွာတစ်ရွာမှာ ချစ်ခင်တဲ့ ညီအစ်ကိုနှစ်ယောက် ရှိပါတယ်။ အစ်ကိုဖြစ်သူက အရမ်းရိုးသားပြီး ကြိုးစားတဲ့သူ၊ ဘယ်သူ့ကိုမဆို ကူညီတတ်တဲ့ စိတ်ထားကောင်းရှိသူပါ။ တစ်ဖက်မှာတော့ ညီဖြစ်သူက မနာလိုဝန်တိုစိတ်များပြီး ပျင်းရိတဲ့သူ၊ အမြဲတမ်းလည်း ညည်းညူနေတတ်သူဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အမြဲလိုလို အသေးအဖွဲ့ကိစ္စလေးတွေနဲ့ ရန်ဖြစ်နေတတ်ကြပါတယ်။

တစ်နေ့မှာတော့ ရွာအနီးက လမ်းမကြီးအတိုင်း နတ်ဘုရားတစ်ပါး ဖြတ်သွားခဲ့ပါတယ်။ နတ်ဘုရားက လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ အဘိုးအိုတစ်ယောက်ကိုလည်း တွေ့လိုက်ပါတယ်။ အဲချိန်မှာ ရိုးသားတဲ့ အစ်ကိုဖြစ်သူက ချက်ချင်း ပြေးသွားပြီး အဘိုးအိုကို ကူညီပါတယ်။ လေးလံတဲ့ ပစ္စည်းတွေကို ကူသယ်ပေးသလို၊ ရေဆာနေလောက်တယ်ဆိုပြီး ရေလည်း တိုက်ပါတယ်။ အဘိုးအိုက အရမ်းဝမ်းသာပြီး ဆုလာဘ်အနေနဲ့ “မင်းဟာ စိတ်ထားကောင်းတဲ့သူပဲ။ ဒီအိုးထဲမှာ မင်းလိုချင်တဲ့ ရတနာတွေ အပြည့်ရှိတယ်။” ဆိုပြီး အစ်ကိုဖြစ်သူကို ရွှေရောင်အိုးလေးတစ်လုံး ပေးလိုက်ပါတယ်။

မနာလိုတဲ့ ညီဖြစ်သူက အဲဒီမြင်ကွင်းကို ချုံပုတ်ကွယ်ရာကနေ ချောင်းကြည့်နေပါတယ်။ အစ်ကိုက ရွှေအိုးရသွားတာကို သိတော့ အရမ်း မနာလိုဖြစ်သွားပါတယ်။ နောက်တစ်နေ့မှာ ညီဖြစ်သူလည်း လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ အဘိုးအိုပုံစံမျိုး လုပ်ပါတယ်။ အဲဒီအခါမှာ မနေ့က အဘိုးအိုက ပြန်ရောက်လာပါတယ်။ ညီဖြစ်သူက ကူညီတဲ့ပုံစံလုပ်ပေမဲ့ စိတ်ထဲမှာတော့ ရွှေအိုးရဖို့ပဲ တွေးနေပါတယ်။

ဒါပေမဲ့ နတ်ဘုရားက အားလုံးကို သိနေပါတယ်။ “မင်းဟာ စိတ်ကောင်းမရှိဘူး။ ဆုလာဘ်ဆိုတာ မင်းအတွက် မရှိဘူး” လို့ ပြောပြီး ညီဖြစ်သူကို ဘာမှ မပေးပါဘူး။ ဒါတင်မကသေးဘဲ ညီဖြစ်သူရဲ့ လိမ်ညာတဲ့ အပြုအမူကို ဒေါသထွက်ပြီး သူယူလာတဲ့ အနည်းငယ်ပါတဲ့ ပိုက်ဆံတွေကိုတောင် သိမ်းယူသွားပါတယ်။

ရိုးသားတဲ့ အစ်ကိုဖြစ်သူကတော့ နတ်ဘုရားဆီကနေ ရရှိခဲ့တဲ့ ရွှေရောင်အိုးလေးရဲ့ ကျေးဇူးကြောင့် ချမ်းသာကြွယ်ဝသွားခဲ့ပေမဲ့ အရင်ကအတိုင်းပဲ ရွာလူထုကို ကြင်နာသမှု ပြုခဲ့ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပံ့ပိုးပေးခဲ့ပါတယ်။ တစ်ဖက်မှာတော့ မနာလိုဝန်တိုစိတ်ရှိတဲ့ ညီအငယ်ကောင်က သူ့ရဲ့ လုပ်ရပ်တွေကို နောင်တရခဲ့ပေမဲ့ အဲဒီအချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ သူဟာ ဘာဆုလာဘ်ကိုမှ မရရှိခဲ့သလို သာမန် ဆင်းရဲတဲ့ ဘဝကိုပဲ ဆက်လက် ဖြတ်သန်းခဲ့ရပါတယ်။

အဲဒီအချိန်ကစပြီး ရွာသားတွေဟာ ရိုးသားပြီး စိတ်ကောင်းရှိတဲ့ အစ်ကို့ကို လေးစားကြသလို၊ မနာလိုပြီး ပျင်းရိတဲ့ ညီဖြစ်သူကိုတော့ သင်ခန်းစာယူစရာ ပုဂ္ဂိုလ်အဖြစ် သဘောထားပြီး စိတ်နှလုံးကောင်းမွန်စွာနဲ့ နေထိုင်သွားကြတယ်လို့ ဆိုပါတယ်။

Similar Posts

  • Goi နှင့် ရှင်းလင်းချက်များ – 5

    1. 交通事故 (こうつうじこ) – ယာဉ်တိုက်မှု交通事故に遭ってしまいました。(こうつうじこに あって しまいました。)ယာဉ်တိုက်မှု ဖြစ်သွားတယ်။ 2. 信号 (しんごう) – မီးပွိုင့်信号が赤になったので止まりました。(しんごうが あかになったので とまりました。)မီးပွိုင့် အနီရောင်ပြလို့ ရပ်လိုက်တယ်။ 3. 横断歩道 (おうだんほどう) – လူကူးမျဉ်းကြား横断歩道を渡りましょう。(おうだんほどうを わたりましょう。)လူကူးမျဉ်းကြားကနေ ကူးကြစို့။ 4. 運転手 (うんてんしゅ) – ယာဉ်မောင်း運転手さんは安全運転を心がけています。(うんてんしゅさんは あんぜんうんてんを こころがけています。)ယာဉ်မောင်းက ဘေးကင်းစွာ မောင်းနှင်ဖို့ ဂရုစိုက်ပါတယ်။ 5. 怪我 (けが) – ဒဏ်ရာ転んで足に怪我をしました。(ころんで あしに けがを しました。)ချော်လဲလို့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ 6. 救急車 (きゅうきゅうしゃ) – လူနာတင်ကား事故があったので救急車が来ました。(じこが あったので きゅうきゅうしゃが きました。)ယာဉ်တိုက်မှု ဖြစ်လို့ လူနာတင်ကား ရောက်လာတယ်။…

  • Goi နှင့် ရှင်းလင်းချက်များ – 6

    1. 確認 (かくにん) – အတည်ပြုခြင်း書類を確認してください။(しょるいを かくにんしてください။)စာရွက်စာတမ်းတွေကို အတည်ပြုပေးပါ။ 2. 残念 (ざんねん) – စိတ်မကောင်းဖြစ်ခြင်း試合に負けて残念だった。(しあいに まけて ざんねんだった။)ပြိုင်ပွဲရှုံးလို့ စိတ်မကောင်းဖြစ်ခဲ့တယ်။ 3. 準備 (じゅんび) – ပြင်ဆင်ခြင်း会議の準備は終わりましたか?(かいぎの じゅんびは おわりましたか?)အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ ပြီးပြီလား။ 4. 遅刻 (ちこく) – နောက်ကျခြင်း電車が遅れて遅刻した。(でんしゃが おくれて ちこくした။)ရထားနောက်ကျလို့ နောက်ကျသွားတယ်။ 5. 危険 (きけん) – အန္တရာယ်この道は危険です。(このみちは きけんです။)ဒီလမ်းက အန္တရာယ်ရှိတယ်။ 6. 約束 (やくそく) – ကတိ友達と映画を見る約束をした。(ともだちと えいがを みる やくそくを した။)သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်ဖို့ ကတိပြုခဲ့တယ်။ 7. 習慣 (しゅうかん) – အလေ့အထ毎日運動する習慣がある。(まいにち…

  • Goi နှင့် ရှင်းလင်းချက်များ – 1

    1.注意 (ちゅうい) – သတိထားရန်交通事故に注意してください。(こうつうじこに ちゅういしてください。)ကားမတော်တဆမှုများကို သတိထားပါ။ 2.準備 (じゅんび) – ပြင်ဆင်မှု旅行の準備はもうできましたか。(りょこうの じゅんびは もうできましたか。)ခရီးသွားဖို့ ပြင်ဆင်မှုတွေ အားလုံးပြီးသွားပြီလား။ 3.反対 (はんたい) – ဆန့်ကျင်ဘက်彼の意見に反対する人が多い。(かれの いけんに はんたいする ひとがおおい。)သူ့ရဲ့အမြင်ကို ဆန့်ကျင်တဲ့လူတွေ အများကြီးရှိတယ်။ 4.賛成 (さんせい) – ထောက်ခံမှုその計画に賛成です。(その けいかくに さんせいです。)အဲဒီအစီအစဉ်ကို ကျွန်တော် သဘောတူပါတယ်။ 5.努力 (どりょく) – ကြိုးစားအားထုတ်မှု彼は成功するために努力を続けた。(かれは せいこうするために どりょくをつづけた。)သူဟာ အောင်မြင်ဖို့အတွက် ကြိုးစားအားထုတ်မှုကို ဆက်လက်လုပ်ဆောင်ခဲ့တယ်။ 6.経験 (けいけん) – အတွေ့အကြုံアルバイトの経験があります。(アルバイトの けいけんがあります。)ကျွန်တော့်မှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်။ 7.我慢 (がまん) – သည်းခံခြင်း痛みを我慢してください。(いたみを がまんしてください。)နာကျင်မှုကို သည်းခံပေးပါ။ 8.遠慮 (えんりょ)…

  • နေ့စဉ်စကားပြောများ – 2

    1. このレストランは予約が必要ですか? (この れすとらん は よやく が ひつよう ですか?) ဒီစားသောက်ဆိုင်မှာ ကြိုတင်ဘွတ်ကင်လုပ်ဖို့ လိုအပ်ပါသလား။ 2. すみません、もう少しゆっくり話していただけませんか? (すみません、もうすこし ゆっくり はなして いただけませんか?) တောင်းပန်ပါတယ်၊ နောက်ထပ် နည်းနည်းလေး ပိုပြီး ဖြည်းဖြည်းလေး ပြောပေးလို့ရမလား။ 3. この近くにATMはありますか? (この ちかく に えーてぃーえむ は ありますか?) ဒီနားတစ်ဝိုက်မှာ ATM စက်ရှိပါသလား။ 4. 電車の乗り換え案内をお願いできますか? (でんしゃ の のりかえ あんない を おねがい できますか?) ရထားပြောင်းစီးရမယ့် လမ်းညွှန်ကို ပြောပြပေးနိုင်မလား။ 5. おすすめの観光スポットはどこですか? (おすすめ の かんこう すぽっと は どこ…

  • 忠犬ハチ公 (ちゅうけんハチこう)

    ဝေါဟာရနှင့် ခန်းဂျီး ရှင်းလင်းချက် 忠犬ハチ公は、日本で最も感動的な物語の一つとして語り継がれる秋田犬です。1923年、秋田県大館市で生まれたハチ公は、東京帝国大学(現在の東京大学)農学部の上野英三郎教授の元へとやってきました。教授はハチ公を深く愛し、ハチ公もまた教授に心から懐いていました。 毎日、教授が大学へ向かう際には、ハチ公は渋谷駅まで見送りに行き、午後の同じ時間には駅で教授の帰りを辛抱強く待っていました。この日常の光景は、渋谷駅を利用する多くの人々の間で親しまれていました。 しかし、1925年5月21日、上野教授は大学で脳溢血のため急逝されました。その日以来、教授が戻ってくることはありませんでした。にもかかわらず、ハチ公は教授の死後も約10年間にわたり、毎日、決まった時間になると渋谷駅へ足を運び、亡き主人を待ち続けました。雨の日も風の日も、雪の日でさえ、ハチ公は駅の改札口を見つめ、教授の姿を探し続けました。 当初、ハチ公の行動は駅員や通行人から訝しがられることもありましたが、やがてその並外れた忠誠心は人々の知るところとなりました。特に、1932年に東京朝日新聞にハチ公の物語が紹介されると、彼は瞬く間に全国的な有名人となり、「忠犬」として多くの人々の心を打ちました。人々は彼に敬意を表し、温かい食べ物を与えたり、撫でたりしました。 ハチ公は1935年3月8日、11歳の生涯を終えました。彼の死後、その忠誠心を称えるため、渋谷駅前にはハチ公の銅像が建立されました。この銅像は、今や渋谷のシンボルとして、待ち合わせ場所としても利用され、国内外から多くの観光客が訪れる場所となっています。ハチ公の物語は、日本における**「忠誠心」「絆」「家族愛」の象徴**として、世代を超えて語り継がれています。 အသံဖိုင်နားထောင်ရန် ဟချိကို (Hachiko) ဟာ ဂျပန်နိုင်ငံမှာ ပြောမကုန်နိုင်အောင် လူသိများတဲ့ စိတ်ထိခိုက်ဖွယ်ရာ ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ အကီတာမျိုးနွယ် ခွေးတစ်ကောင် ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်မှာ အကီတာစီရင်စု၊ အိုဒါတဲမြို့မှာ မွေးဖွားခဲ့တဲ့ ဟချိကိုဟာ တိုကျို တော်ဝင်တက္ကသိုလ် (ယခု တိုကျိုတက္ကသိုလ်) စိုက်ပျိုးရေးဌာနက ပရော်ဖက်ဆာ အူအဲနို အဲအိဇာဘူရိုးဆီကို ရောက်ရှိလာခဲ့ပါတယ်။ ပရော်ဖက်ဆာက ဟချိကိုကို အလွန်ချစ်ခင်သလို၊ ဟချိကိုကလည်း ပရော်ဖက်ဆာကို စိတ်ရင်းမှန်နဲ့ ခင်တွယ်ခဲ့ပါတယ်။ ပရော်ဖက်ဆာ တက္ကသိုလ်သွားတိုင်း ဟချိကိုက ရှီဘူယာဘူတာအထိ လိုက်ပို့လေ့ရှိပြီး နေ့လယ်ပိုင်း အချိန်ကျရင်လည်း ပရော်ဖက်ဆာ အပြန်ကို ဘူတာမှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလေ့ရှိပါတယ်။…

  • ကျန်းမာရေးနှင့်ပတ်သက်သော စကားလုံးများ

    ခန္ဓာကိုယ်အစိတ်အပိုင်းများ (体の部分 – からだのぶぶん) ရောဂါလက္ခဏာများ (症状 – しょうじょう) ရောဂါများ (病気 – びょうき) ဆေးရုံနှင့်ဆေးဝါး (病院と薬 – びょういん と くすり) အခြားအသုံးဝင်သောစကားလုံးများ (その他の便利な言葉 – そのほかのべんりなことば)