尊敬語(တစ်ဖက်လူကို မြှင့်တင်ပြောဆိုသောစကားလုံး) “尊敬語” (そんけいご) သည် ဂျပန်ဘာသာတွင် အခြားသူများ၏ဂုဏ်ကို မြှင့်တင်ပြောဆိုရာတွင် အသုံးပြုသော မိန့်ခွန်းပုံစံ တစ်ခုဖြစ်ပါတယ်။ကိုယ်ထက်အဆင့်မြင့်သူ၊ ဧည့်သည် သို့မဟုတ် မိမိအပေါ် လေးစားမှုရှိသူနှင့် စကားပြောဆိုရာတွင် သုံးသည်။ ပုံမှန်ကြိယာ 尊敬語(そんけいご) အဓိပ္ပါယ် します なさいます လုပ်သည် 行きます/来ます/います いらっしゃいます သွား/လာ/ရှိသည် 言います おっしゃいます ပြောသည် 見ます ご覧になります(ごらんになります) ကြည့်သည် 食べます/ 飲みます 召し上がります(めしあがります) စား/သောက်သည် 知っています ご存知です(ごぞんじです) သိသည် くれます くださいます ပေးသည် 謙譲語 (မိမိကိုယ်ကို နှိမ့်ချပြောဆိုသော စကားလုံး) 謙譲語(けんじょうご)သည် ဂျပန်ဘာသာတွင် မိမိလုပ်ဆောင်သောလုပ်ဆောင်မှုကို နှိမ့်ချပြောဆိုသောပုံစံ ဖြစ်ပါတယ်။ ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်နှိမ့်ချပြောဆိုရာတွင် သုံးသည်။ ပုံမှန်ကြိယာ…