အဘိုးအိုနှင့်ဖားလေး
ဝေါဟာရ နှင့် ခန်းဂျီး ရှင်းလင်းချက်
- 静かな (しずかな) – တိတ်ဆိတ်သော
- 村 (むら) – ရွာ
- おじいさん – အဘိုးအို
- おばあさん – အဘွားအို
- 二人 (ふたり) – နှစ်ယောက်
- 住む (すむ) – နေထိုင်သည်
- 毎日 (まいにち) – နေ့တိုင်း
- 山 (やま) – တောင်
- 木 (き) – သစ်ပင်
- 切る (きる) – ခုတ်သည်
- 行く (いく) – သွားသည်
- 家 (いえ) – အိမ်
- 洗濯 (せんたく) – အဝတ်လျှော်ခြင်း
- ご飯 (ごはん) – ထမင်း
- 作る (つくる) – ချက်ပြုတ်သည်၊ ပြုလုပ်သည်
- 貧しい (まずしい) – ဆင်းရဲသော
- けれど – သို့သော်
- とても – အရမ်း
- 仲良く (なかよく) – ချစ်ခင်စွာ
- 暮らす (くらす) – နေထိုင်သည်
- ある日 (あるひ) – တစ်နေ့တွင်
- 大きな (おおきな) – ကြီးသော
- 突然 (とつぜん) – ရုတ်တရက်
- 足元 (あしもと) – ခြေရင်း
- 小さな (ちいさな) – သေးငယ်သော
- 声 (こえ) – အသံ
- 助ける (たすける) – အကူညီတောင်းသည်
- ください – ကျေးဇူးပြု၍
- びっくり – လန့်သွားခြင်း
- 周り (まわり) – ပတ်ဝန်းကျင်
- 見回す (みまわす) – လှည့်ပတ်ကြည့်သည်
- 誰も (だれも) – ဘယ်သူမှ
- 不思議 (ふしぎ) – ထူးဆန်းသော
- 思う (おもう) – ထင်သည်
- もう一度 (もういちど) – နောက်တစ်ခေါက်
- 見る (みる) – ကြည့်သည်
- カエル – ဖား
- 困った (こまった) – ဒုက္ခရောက်သော
- 顔 (かお) – မျက်နှာ
- 足 (あし) – ခြေထောက်
- 根っこ (ねっこ) – အမြစ်
- 挟まる (はさまる) – ညပ်သည်
- 動けなくなる (うごけなくなる) – လှုပ်လို့မရဖြစ်သည်
- かわいそうに – သနားစရာကောင်းသော
- そっと – ဖြည်းဖြည်းချင်း
- 外す (はずす) – ဖယ်ရှားသည်
- あげる – ပေးသည် (သူတစ်ပါးကို)
- ありがとう – ကျေးဇူးတင်ပါတယ်
- 小さく (ちいさく) – သေးငယ်စွာ
- 言う (いう) – ပြောသည်
- ぴょんぴょんと – ခုန်ပေါက်ပြီး
- 跳ねる (はねる) – ခုန်သည်
- 森 (もり) – တော
- 奥 (おく) – အတွင်းပိုင်း
- 帰る (かえる) – ပြန်သွားသည်
- その夜 (そのよる) – အဲဒီည
- 夕食 (ゆうしょく) – ညစာ
- 食べる (たべる) – စားသည်
- 玄関 (げんかん) – အိမ်ဦးတံခါး
- 戸 (と) – တံခါး
- 叩く (たたく) – ခေါက်သည်
- どちら様 (どちらさま) – ဘယ်သူများပါလိမ့် (ယဉ်ကျေးသော စကား)
- 開ける (あける) – ဖွင့်သည်
- そこ – အဲဒီမှာ
- 美しい (うつくしい) – လှပသော
- 着物 (きもの) – ကီမိုနို (ဂျပန်ရိုးရာဝတ်စုံ)
- 着る (きる) – ဝတ်ဆင်သည်
- 女性 (じょせい) – အမျိုးသမီး
- 立つ (たつ) – ရပ်သည်
- にこやかに – ပြုံးရွှင်စွာ
- 微笑む (ほほえむ) – ပြုံးသည်
- 昼間 (ひるま) – နေ့လယ်
- 様 (さま) – (အလွန်ယဉ်ကျေးသော အသုံးအနှုန်း)
- 助ける (たすける) – ကူညီခဲ့သည်
- いただく – လက်ခံရရှိသည် (ယဉ်ကျေးသော စကား)
- お礼 (おれい) – ကျေးဇူးတုံ့ပြန်ခြင်း
- する – လုပ်သည်
- 参る (まいる) – လာခဲ့သည် (နှိမ့်ချသော စကား)
- びっくり – အံ့သြခြင်း
- 顔を見合わせる (かおをみあわせる) – မျက်နှာချင်းဆိုင် ကြည့်သည်
- 変身 (へんしん) – အသွင်ပြောင်းခြင်း
- 差し出す (さしだす) – ကမ်းလှမ်းသည်
- 金銀財宝 (きんぎんざいほう) – ရွှေငွေရတနာ
- 親切 (しんせつ) – ကြင်နာသော
- おかげ – ကျေးဇူးကြောင့်
- 幸せ (しあわせ) – ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်း
ある静かな村に、おばあさんとおじいさんが二人で住んでいました。おじいさんは毎日、山へ木を切りに行きます。おばあさんは家で、洗濯をしたり、ご飯を作ったりしています。二人は貧しいけれど、とても仲良く暮らしていました。
ある日、おじいさんが山で大きな木を切っていると、突然、足元から小さな声が聞こえました。「助けてください!」おじいさんはびっくりして、周りを見回しましたが、誰もいません。不思議に思って、もう一度足元を見ると、小さなカエルが困った顔をしていました。カエルの足が、木の根っこに挟まって動けなくなっているのです。
おじいさんは、かわいそうに思って、カエルの足をそっと根っこから外してあげました。「ありがとう。」カエルは小さくお礼を言うと、ぴょんぴょんと跳ねて、森の奥へ帰っていきました。
その夜、おじいさんとおばあさんが二人で夕食を食べていると、玄関の戸がトントンと叩かれました。「どちら様ですか?」おばあさんが戸を開けると、そこには美しい着物を着た女性が立っていました。女性はにこやかに微笑んで言いました。「私は、昼間におじい様に助けていただいたカエルです。お礼がしたくて参りました。」
おじいさんとおばあさんは、びっくりして顔を見合わせました。カエルが美しい女性に変身したのです。女性は、お礼にたくさんの金銀財宝を二人に差し出しました。おじいさんとおばあさんは、親切にしたカエルのおかげで、幸せに暮らすことができるようになりました。
အသံဖိုင်နားထောင်ရန်
တိတ်ဆိတ်တဲ့ ရွာလေးတစ်ရွာမှာ အဘွားအိုနဲ့ အဘိုးအို နှစ်ယောက်အတူ နေထိုင်ကြပါတယ်။ အဘိုးအိုဟာ နေ့တိုင်း တောင်ပေါ်ကို သစ်ပင်ခုတ်ဖို့ သွားပါတယ်။ အဘွားအိုကတော့ အိမ်မှာ အဝတ်လျှော်တာတို့၊ ထမင်းချက်တာတို့ လုပ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆင်းရဲပေမယ့်၊ အရမ်းချစ်ခင်ရင်းနှီးစွာ နေထိုင်ကြပါတယ်။
တစ်နေ့မှာ အဘိုးအိုဟာ တောင်ပေါ်မှာ အပင်ကြီးတစ်ပင်ကို ခုတ်နေတုန်း ရုတ်တရက် ခြေရင်းကနေ အသံသေးသေးလေးတစ်ခု ကြားလိုက်ရပါတယ်။ “ကူညီပါဦး!” အဘိုးအိုဟာ လန့်သွားပြီးတော့ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပေမယ့် ဘယ်သူမှ မရှိပါဘူး။ ထူးဆန်းတယ်လို့ ထင်ပြီးတော့ နောက်တစ်ခေါက် ခြေရင်းကို ကြည့်လိုက်တဲ့အခါ မျက်နှာငယ်လေးနဲ့ ဖားလေးတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ဖားလေးရဲ့ ခြေထောက်ဟာ သစ်ပင်ရဲ့ အမြစ်မှာ ညပ်နေပြီး လှုပ်လို့မရ ဖြစ်နေတာပါ။
အဘိုးအိုဟာ သနားသွားပြီးတော့ ဖားလေးရဲ့ ခြေထောက်ကို ဖြည်းဖြည်းချင်း အမြစ်ကနေ ဖယ်ရှားပေးလိုက်ပါတယ်။ “ကျေးဇူးတင်ပါတယ်” ဖားလေးက အသံသေးသေးလေးနဲ့ ကျေးဇူးတင်စကား ပြောပြီးတော့ ခုန်ပေါက်ပြီး တောနက်ထဲကို ပြန်သွားပါတယ်။
အဲဒီညမှာ အဘိုးအိုနဲ့ အဘွားအို နှစ်ယောက် ညစာစားနေတုန်း ခြံဝင်းတံခါးကို တောက်တောက်ဆိုပြီး ခေါက်သံ ကြားလိုက်ရပါတယ်။ “ဘယ်သူများပါလိမ့်?” အဘွားအိုက တံခါးဖွင့်လိုက်တဲ့အခါ အဲဒီမှာ လှပတဲ့ ကီမိုနိုဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ရပ်နေပါတယ်။ အမျိုးသမီးက ပြုံးရွှင်စွာနဲ့ ပြောလိုက်ပါတယ်။ “ကျွန်မက နေ့လယ်တုန်းက အဘိုး ကူညီခဲ့တဲ့ ဖားလေးပါ။ ကျေးဇူးတင်ချင်လို့ လာခဲ့တာပါရှင်။”
အဘိုးအိုနဲ့ အဘွားအိုဟာ အံ့သြသွားပြီး မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပါတယ်။ ဖားလေးဟာ လှပတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတာပါ။ အမျိုးသမီးဟာ ကျေးဇူးတင်တဲ့အနေနဲ့ ရွှေငွေရတနာ အများအပြားကို သူတို့နှစ်ယောက်ကို ပေးအပ်လိုက်ပါတယ်။ အဘိုးအိုနဲ့ အဘွားအိုဟာ သူတို့ စိတ်ကောင်းထားပြီး ကူညီခဲ့တဲ့ ဖားလေးရဲ့ ကျေးဇူးကြောင့် ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါတော့တယ်။
