ညီအစ်ကိုနှစ်ယောက်နှင့်ရွှေအိုး
ဝေါဟာရ နှင့် ခန်းဂျီး ရှင်းလင်းချက်
- 昔々(むかしむかし) – ရှေးရှေးအခါက
- 村(むら) – ကျေးရွာ
- 仲の良い(なかのよい) – ချစ်ခင်ရင်းနှီးသော
- 兄弟(きょうだい) – ညီနောင်
- 兄(あに) – အစ်ကို
- 正直(しょうじき) – ရိုးသားခြင်း
- 働き者(はたらきもの) – ကြိုးစားသူ
- 親切(しんせつ) – ကြင်နာသော
- 弟(おとうと) – ညီ
- 意地悪(いじわる) – စိတ်ဆိုးသူ
- 怠け者(なまけもの) – ပျင်းရိသူ
- 文句(もんく) – မကျေနပ်ချက်
- 喧嘩(けんか) – ရန်ဖြစ်ခြင်း
- 神様(かみさま) – ဘုရားသခင်
- 道端(みちばた) – လမ်းဘေး
- 困る(こまる) – အခက်တွေ့သည်
- お年寄り(おとしより) – သက်ကြီးရွယ်အို
- 駆け寄る(かけよる) – ပြေးသွားကူညီသည်
- 荷物(にもつ) – ပစ္စည်း
- 喉が渇く(のどがかわく) – ရေဆာသည်
- 報酬(ほうしゅう) – ဆုလာဘ်
- 金色(きんいろ) – ရွှေရောင်
- 壺(つぼ) – အိုး
- 望む(のぞむ) – လိုလားသည်
- 富(とみ) – ချမ်းသာ
- 陰(かげ) – အရိပ်
- 妬ましい(ねたましい) – မနာလို ဖြစ်ခြင်း
- ふり – ဟန်ဆောင်ခြင်း
- お見通し(おみとおし) – သိမြင်နေခြင်း
- 嘘つき(うそつき) – မုသား
- 怒る(おこる) – စိတ်ဆိုးသည်
- 取り上げる(とりあげる) – သိမ်းယူသည်
- 授かる(さずかる) – ရရှိခြင်း
- 裕福(ゆうふく) – ချမ်းသာခြင်း
- 後悔(こうかい) – နောင်တရခြင်း
- 反面教師(はんめんきょうし) – ဆိုးသောနမူနာ
昔々、ある村に、仲の良い二人の兄弟がいました。兄はとても正直で働き者、誰にでも親切でした。一方、弟は意地悪で怠け者、いつも文句ばかり言っていました。二人はいつも些細なことで喧嘩ばかりしていました。
ある日、村の近くの道を神様が通りかかりました。神様は、道端で困っているお年寄りの姿を見つけました。その時 正直な兄はすぐに駆け寄り、お年寄りを助けました。重い荷物を持ち上げてあげたり、喉が渇いているだろうとお水を分けてあげたりしました。お年寄りは大変喜び、兄に金色の小さな壺を報酬として与えました。「あなたは親切な心の持ち主ですね。この壺には、あなたの望む富が入っていますよ。」
意地悪な弟は、その様子を陰から見ていました。兄が金色の壺をもらったことを知ると、ひどく妬ましく思いました。次の日、弟も同じように道端で困っているお年寄りのふりをしました。すると、昨日のお年寄りが再び通りかかりました。弟は助けるふりをしましたが、心の中では金色の壺をもらうことしか考えていませんでした。
しかし、神様はお見通しでした。「あなたは心が優しくありませんね。報酬はありません。」と言って、弟には何も与えませんでした。それどころか、弟の嘘つきな態度に怒り、持っていたわずかなお金まで取り上げてしまいました。
正直な兄は、神様から授かった金色の壺のおかげで裕福になりましたが、以前と変わらず、村の人たちに親切にし、困っている人を助けました。一方、意地悪な弟は、自分の行いを後悔しましたが、すでに遅すぎました。彼は報酬を得ることもできず、普通の貧しい生活を送ることになりました。
それからというもの、村人たちは正直で親切な兄を尊敬し、意地悪で怠け者の弟を反面教師として、心を大切に生きるようになったということです。
အသံဖိုင်နားထောင်ရန်
ရှေးရှေးတုန်းက ရွာတစ်ရွာမှာ ချစ်ခင်တဲ့ ညီအစ်ကိုနှစ်ယောက် ရှိပါတယ်။ အစ်ကိုဖြစ်သူက အရမ်းရိုးသားပြီး ကြိုးစားတဲ့သူ၊ ဘယ်သူ့ကိုမဆို ကူညီတတ်တဲ့ စိတ်ထားကောင်းရှိသူပါ။ တစ်ဖက်မှာတော့ ညီဖြစ်သူက မနာလိုဝန်တိုစိတ်များပြီး ပျင်းရိတဲ့သူ၊ အမြဲတမ်းလည်း ညည်းညူနေတတ်သူဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အမြဲလိုလို အသေးအဖွဲ့ကိစ္စလေးတွေနဲ့ ရန်ဖြစ်နေတတ်ကြပါတယ်။
တစ်နေ့မှာတော့ ရွာအနီးက လမ်းမကြီးအတိုင်း နတ်ဘုရားတစ်ပါး ဖြတ်သွားခဲ့ပါတယ်။ နတ်ဘုရားက လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ အဘိုးအိုတစ်ယောက်ကိုလည်း တွေ့လိုက်ပါတယ်။ အဲချိန်မှာ ရိုးသားတဲ့ အစ်ကိုဖြစ်သူက ချက်ချင်း ပြေးသွားပြီး အဘိုးအိုကို ကူညီပါတယ်။ လေးလံတဲ့ ပစ္စည်းတွေကို ကူသယ်ပေးသလို၊ ရေဆာနေလောက်တယ်ဆိုပြီး ရေလည်း တိုက်ပါတယ်။ အဘိုးအိုက အရမ်းဝမ်းသာပြီး ဆုလာဘ်အနေနဲ့ “မင်းဟာ စိတ်ထားကောင်းတဲ့သူပဲ။ ဒီအိုးထဲမှာ မင်းလိုချင်တဲ့ ရတနာတွေ အပြည့်ရှိတယ်။” ဆိုပြီး အစ်ကိုဖြစ်သူကို ရွှေရောင်အိုးလေးတစ်လုံး ပေးလိုက်ပါတယ်။
မနာလိုတဲ့ ညီဖြစ်သူက အဲဒီမြင်ကွင်းကို ချုံပုတ်ကွယ်ရာကနေ ချောင်းကြည့်နေပါတယ်။ အစ်ကိုက ရွှေအိုးရသွားတာကို သိတော့ အရမ်း မနာလိုဖြစ်သွားပါတယ်။ နောက်တစ်နေ့မှာ ညီဖြစ်သူလည်း လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ အဘိုးအိုပုံစံမျိုး လုပ်ပါတယ်။ အဲဒီအခါမှာ မနေ့က အဘိုးအိုက ပြန်ရောက်လာပါတယ်။ ညီဖြစ်သူက ကူညီတဲ့ပုံစံလုပ်ပေမဲ့ စိတ်ထဲမှာတော့ ရွှေအိုးရဖို့ပဲ တွေးနေပါတယ်။
ဒါပေမဲ့ နတ်ဘုရားက အားလုံးကို သိနေပါတယ်။ “မင်းဟာ စိတ်ကောင်းမရှိဘူး။ ဆုလာဘ်ဆိုတာ မင်းအတွက် မရှိဘူး” လို့ ပြောပြီး ညီဖြစ်သူကို ဘာမှ မပေးပါဘူး။ ဒါတင်မကသေးဘဲ ညီဖြစ်သူရဲ့ လိမ်ညာတဲ့ အပြုအမူကို ဒေါသထွက်ပြီး သူယူလာတဲ့ အနည်းငယ်ပါတဲ့ ပိုက်ဆံတွေကိုတောင် သိမ်းယူသွားပါတယ်။
ရိုးသားတဲ့ အစ်ကိုဖြစ်သူကတော့ နတ်ဘုရားဆီကနေ ရရှိခဲ့တဲ့ ရွှေရောင်အိုးလေးရဲ့ ကျေးဇူးကြောင့် ချမ်းသာကြွယ်ဝသွားခဲ့ပေမဲ့ အရင်ကအတိုင်းပဲ ရွာလူထုကို ကြင်နာသမှု ပြုခဲ့ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပံ့ပိုးပေးခဲ့ပါတယ်။ တစ်ဖက်မှာတော့ မနာလိုဝန်တိုစိတ်ရှိတဲ့ ညီအငယ်ကောင်က သူ့ရဲ့ လုပ်ရပ်တွေကို နောင်တရခဲ့ပေမဲ့ အဲဒီအချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ သူဟာ ဘာဆုလာဘ်ကိုမှ မရရှိခဲ့သလို သာမန် ဆင်းရဲတဲ့ ဘဝကိုပဲ ဆက်လက် ဖြတ်သန်းခဲ့ရပါတယ်။
အဲဒီအချိန်ကစပြီး ရွာသားတွေဟာ ရိုးသားပြီး စိတ်ကောင်းရှိတဲ့ အစ်ကို့ကို လေးစားကြသလို၊ မနာလိုပြီး ပျင်းရိတဲ့ ညီဖြစ်သူကိုတော့ သင်ခန်းစာယူစရာ ပုဂ္ဂိုလ်အဖြစ် သဘောထားပြီး စိတ်နှလုံးကောင်းမွန်စွာနဲ့ နေထိုင်သွားကြတယ်လို့ ဆိုပါတယ်။
