桃太郎 (ももたろう)

ဝေါဟာရ နှင့် ခန်းဂျီး ရှင်းလင်းချက်

  • 昔々 (むかしむかし) – ရှေးရှေးတုန်းက၊ အလွန်ရှေးကျသော ကာလ၌
  • 昔 (むかし) – ရှေးခေတ်၊ အတိတ်
  • おじいさん – အဖိုး
  • おばあさん – အဘွား
  • あるところ – တစ်နေရာရာမှာ
  • 二人 (ふたり) – လူနှစ်ဦး
  • 子ども (こども) – ကလေး
  • いない – မရှိဘူး
  • とても – အလွန်
  • 悲しむ (かなしむ) – ဝမ်းနည်းသည်
  • 悲しんでいました (かなしんでいました) – ဝမ်းနည်းနေခဲ့သည်
  • ある日 (あるひ) – တစ်နေ့သ၌
  • 山 (やま) – တောင်
  • 薪 (まき) – ထင်း
  • 切る (きる) – ခုတ်သည်၊ ဖြတ်သည်
  • 切りに (きりに) – ခုတ်ရန် (ရည်ရွယ်ချက်ကို ဖော်ပြသည်)
  • 川 (かわ) – မြစ်
    洗濯 (せんたく) – အဝတ်လျှော်ခြင်း
  • 洗濯に行く (せんたくにいく) – အဝတ်လျှော်ရန် သွားသည်
  • していると – ပြုလုပ်နေစဉ် (တစ်စုံတစ်ခု ဖြစ်ပျက်လာပုံကို ဖော်ပြသည်)
  • 川上 (かわかみ) – မြစ်အပေါ်ပိုင်း
  • 大きな (おおきな) – ကြီးမားသော
  • 大きい (おおきい) – ကြီးသည်
  • 桃 (もも) – မက်မွန်သီး
  • どんぶらこ – အရာဝတ္ထုကြီးများ ရေပေါ်တွင် မျောပါလာသည့်ရွေ့လျားသံ၊ လှုပ်ရှားပုံ
  • 流れてくる (ながれてくる) – မျောပါလာသည်
  • 見つける (みつける) – တွေ့သည်
  • 見つけました (みつけました) – တွေ့လိုက်သည်
  • 家 (いえ) – အိမ်
  • 持って帰る (もってかえる) – ယူဆောင်လာသည် (ပြန်လာသည်)
  • 見せる (みせる) – ပြသည်
  • 切ろうとする (きろうとする) – ခုတ်ဖို့ကြိုးစားသည်
  • なかなか – (အနှုတ်သဘောဖြင့်) လွယ်လွယ်ကူကူမရ၊ (အပေါင်းသဘောဖြင့်) တော်တော်လေး
  • 切れません (きれません) – မခုတ်နိုင်ဘူး၊ မဖြတ်နိုင်ဘူး
  • すると – ထိုအခါ
  • 自然に (しぜんに) – သူ့အလိုလို၊ သဘာဝအလျောက်
  • パカッと – (အသံ) ကွဲအက်သွားသည့် အသံ၊ ပွင့်သွားသည့် အသံ
  • 割れる (われる) – ကွဲသည်၊ ပွင့်သည်
  • 中 (なか) – အတွင်း
  • かわいらしい – ချစ်စရာကောင်းသော
  • 男の子 (おとこのこ) – ယောက်ျားလေး
  • 出てくる (でてくる) – ထွက်လာသည်
  • 驚く (おどろく) – အံ့သြသည်
  • 驚き (おどろき) – အံ့သြခြင်း (နာမ်)
  • 喜ぶ (よろこぶ) – ပျော်ရွှင်သည်
  • 生まれた (うまれた) – မွေးဖွားလာသော
  • 名付ける (なづける) – နာမည်ပေးသည်
  • 名付けられました (なづけられました) – နာမည်ပေးခံရသည်
  • すくすくと – လျင်မြန်စွာ (ကြီးထွားဖွံ့ဖြိုးပုံ)
  • 育つ (そだつ) – ကြီးပြင်းသည်
  • やがて – မကြာမီ၊ နောက်ဆုံးတွင်
  • 力強い (ちからづよい) – အားအင်ပြည့်ဝသော၊ သန်မာသော
  • 賢い (かしこい) – ဉာဏ်ကောင်းသော၊ လိမ္မာသော
  • 若者 (わかもの) – လူငယ်
  • 村人 (むらびと) – ရွာသား
  • 困らせる (こまらせる) – ဒုက္ခပေးသည်၊ အခက်တွေ့စေသည်
  • 鬼 (おに) – ဘီလူး
  • 退治する (たいじする) – နှိမ်နင်းသည်၊ ရှင်းလင်းသည်
  • 決心する (けっしんする) – ဆုံးဖြတ်သည်
  • 住む (すむ) – နေထိုင်သည်
  • 島 (しま) – ကျွန်း
  • きびだんご – (ဂျုံမှုန့်ဖြင့် ပြုလုပ်သော) ဖက်ထုပ်တစ်မျိုး
  • 持って (もって) – ယူဆောင်၍
  • 旅に出る (たびにでる) – ခရီးထွက်သည်
  • 途中 (とちゅう) – လမ်းခရီးတွင်
  • 犬 (いぬ) – ခွေး
  • 猿 (さる) – မျောက်
  • 雉 (きじ) – ငှက်တစ်မျိုး (ရစ်ငှက်)
  • 出会う (であう) – တွေ့ဆုံသည်
  • あげる (あげる) – ပေးသည် (မိမိက အခြားသူကို ပေးသည်)
  • お供 (おとも) – အဖော်၊ အပေါင်းအသင်း
  • なる (なる) – ဖြစ်လာသည်
  • 一緒に (いっしょに) – အတူတူ
  • 続ける (つづける) – ဆက်လက်လုပ်ဆောင်သည်
  • 鬼ヶ島 (おにがしま) – 鬼たちの島 (ဘီလူးကျွန်း)
  • 着く (つく) – ရောက်ရှိသည်
  • 仲間 (なかま) – အဖော်၊ အပေါင်းအသင်း
  • 戦う (たたかう) – တိုက်ခိုက်သည်
  • 勇気 (ゆうき) – သတ္တိ
  • 努力 (どりょく) – ကြိုးစားအားထုတ်မှု
  • おかげで (おかげで) – …ကြောင့် (ကောင်းကျိုးတစ်ခုအတွက် အကြောင်းရင်းကို ဖော်ပြသည်)
  • ついに – နောက်ဆုံးတော့
  • 倒す (たおす) – အနိုင်ယူသည်၊ ချေမှုန်းသည်
  • 宝物 (たからもの) – ရတနာပစ္စည်း
  • もらう – ရယူသည် (အခြားသူဆီက ရယူသည်)
  • 帰る (かえる) – ပြန်လာသည်
  • 幸せに暮らす (しあわせにくらす) – ပျော်ပျော်ရွှင်ရွှင် နေထိုင်သည်
  • 物語 (ものがたり) – ပုံပြင်၊ ဇာတ်လမ်း
  • 大切さ (たいせつさ) – အရေးပါပုံ၊ တန်ဖိုးရှိပုံ
  • 教えてくれる (おしえてくれる) – သင်ပေးသည်၊ ပြောပြသည်

むかしむかし、あるところにおじいさんとおばあさんがいました。二人は子どもがいなくて、とても悲しんでいました。

ある日、おじいさんは山へ薪を切りに、おばあさんは川へ洗濯に行きました。おばあさんが洗濯をしていると、川上から大きな桃がどんぶらこ、どんぶらこと流れてきました。おばあさんはその桃を家に持って帰って、おじいさんに見せました。

家に帰って、おじいさんとおばあさんはその桃を切ろうとしましたが、なかなか切れません。すると、桃が自然にパカッと割れて、中からかわいらしい男の子が出てきました。二人はとても驚き、そして喜びました。桃から生まれた子なので、桃太郎(ももたろう)と名付けられました。

桃太郎はすくすくと育ち、やがて力強く賢い若者になりました。ある日、桃太郎は村人たちを困らせていた鬼を退治するために、鬼たちが住む島へ行くことを決心しました。

桃太郎はおじいさんとおばあさんからもらったきびだんごを持って旅に出ました。旅の途中、犬、猿、雉(きじ)に出会いました。桃太郎がきびだんごをあげると、彼らは桃太郎のお供となり、一緒に旅を続けました。

鬼ヶ島に着くと、桃太郎と仲間たちは鬼たちと戦いました。桃太郎と仲間たちの勇気と努力のおかげで、ついに鬼たちを倒すことができました。鬼たちからたくさんの宝物をもらい、村に帰ってきました。

桃太郎はおじいさんとおばあさんのもとに帰り、幸せに暮らしました。この物語は、勇気と仲間と協力することの大切さを教えてくれます。

အသံဖိုင်နားထောင်ရန်


ရှေးရှေးတုန်းကလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဖိုးကြီးနဲ့ အဘွားကြီး နှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့မှာ ကလေးမရှိလို့ အရမ်းဝမ်းနည်းနေခဲ့ကြပါတယ်။

တစ်နေ့တော့ အဘိုးကြီးက တောင်ပေါ်မှာ ထင်းခုတ်နေတုန်း၊ အဘွားကြီးက မြစ်ထဲမှာ အဝတ်လျှော်နေခဲ့ပါတယ်။ အဝတ်လျှော်နေတုန်း မြစ်အောက်ဘက်ကနေ မက်မွန်သီးအကြီးကြီးတစ်လုံး မျောပါလာတာကို တွေ့လိုက်ရပါတယ်။ အဘွားကြီးက အဲဒီမက်မွန်သီးကို အိမ်ကို ယူလာပြီး အဘိုးကြီးကို ပြပါတယ်။

အိမ်ပြန်ရောက်တော့ အဘိုးကြီးနဲ့ အဘွားကြီးက မက်မွန်သီးကို ခွဲဖို့ကြိုးစားကြပါတယ်။ ဒါပေမဲ့ မခွဲနိုင်ပါဘူး။ နောက်ဆုံးတော့ မက်မွန်သီးက သူ့ဘာသာသူ ခွဲသွားပြီး အထဲကနေ ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် ထွက်လာပါတယ်။ သူတို့နှစ်ယောက် အရမ်းအံ့သြပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ မက်မွန်သီးထဲကနေ ထွက်လာတဲ့ ကလေးဖြစ်လို့ သူ့ကို မိုမိုတာရို (桃太郎) လို့ နာမည်ပေးခဲ့ပါတယ်။

မိုမိုတာရိုက မြန်မြန်ကြီးပြင်းလာပြီး သန်မာထက်မြက်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်လာပါတယ်။ တစ်နေ့မှာတော့ မိုမိုတာရိုက “အိုနိ” လို့ခေါ်တဲ့ ဘီလူးတွေနေတဲ့ ကျွန်းကို သွားပြီး ဘီလူးတွေကို နှိမ်နင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘီလူးတွေက ရွာသားတွေကို ဒုက္ခပေးနေလို့ပါ။

မိုမိုတာရိုက အဘိုးအဘွားဆီကနေ “ကိဘိဒန်ဂို (きびだんご)” လို့ခေါ်တဲ့ မုန့်လေးတွေယူပြီး ခရီးစထွက်ခဲ့ပါတယ်။ လမ်းမှာ ခွေးတစ်ကောင်၊ မျောက်တစ်ကောင်နဲ့ ငှက်တစ်ကောင်တို့ကို တွေ့ခဲ့ပါတယ်။ မိုမိုတာရိုက သူတို့ကို ကိဘိဒန်ဂိုတွေ ပေးခဲ့တော့ သူတို့က မိုမိုတာရိုရဲ့ အဖော်တွေဖြစ်လာပြီး အတူတူ ခရီးဆက်ခဲ့ကြပါတယ်။

အိုနိတွေနေတဲ့ ကျွန်းကို ရောက်တော့ မိုမိုတာရိုနဲ့ သူ့ရဲ့အဖော်တွေဟာ ဘီလူးတွေနဲ့ တိုက်ခိုက်ကြပါတယ်။ မိုမိုတာရိုနဲ့ သူ့အဖော်တွေရဲ့ သတ္တိနဲ့ ကြိုးစားအားထုတ်မှုကြောင့် နောက်ဆုံးမှာ ဘီလူးတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဘီလူးတွေဆီက ရတနာပစ္စည်းတွေ အများကြီးယူပြီး ရွာကို ပြန်လာခဲ့ပါတယ်။

မိုမိုတာရိုက အဘိုးအဘွားဆီ ပြန်ရောက်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ပါတယ်။ ဒီပုံပြင်လေးက သတ္တိရှိခြင်း၊ သူငယ်ချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အရေးပါပုံကို သင်ခန်းစာပေးပါတယ်။

Similar Posts

  • かぐや姫 (かぐやひめ)

    ဝေါဟာရ နှင့် ခန်းဂျီး ရှင်းလင်းချက် 昔々、あるところに、おじいさんとおばあさんがいました。おじいさんは毎日山へ行って、竹を切り、色々なものを作って生活していました。 ある日、おじいさんがいつものように竹を切りに行くと、光り輝く竹を見つけました。不思議に思ってその竹を切ってみると、中には手のひらサイズの可愛らしい女の子がいました。おじいさんとおばあさんは子供がいなかったので、その女の子を家に連れて帰り、「かぐや姫」と名付けて大切に育てました。 かぐや姫は、あっという間に美しい娘に成長しました。その美しさは都中の評判となり、多くの貴公子たちが求婚してきましたが、かぐや姫はそれぞれに難しい課題を与え、誰とも結婚しませんでした。 やがて、かぐや姫は夜空を見るたびに悲しそうな顔をするようになりました。そして、ある満月の夜、かぐや姫は自分が月の都の人間であり、地球での役目を終えて月に帰らなければならないことをおじいさんとおばあさんに告げました。 帝(みかど)もかぐや姫を留めようとしましたが、月の使いたちが迎えに来て、かぐや姫は光とともに月へと帰っていきました。おじいさんとおばあさんは悲しみに暮れ、帝もまたかぐや姫を忘れられず、かぐや姫から贈られた不老不死の薬を飲まずに、かぐや姫を思って月を眺め続けたといいます。この薬は「不死の薬」となり、日本の「富士山」の名前の由来になったという伝説もあります。 အသံဖိုင်နားထောင်ရန် ရှေးရှေးတုန်းက နေရာတစ်နေရာမှာ အဘိုးအိုနဲ့ အဘွားအို နှစ်ယောက်ရှိခဲ့ပါတယ်။ အဘိုးအိုက နေ့တိုင်း တောင်ပေါ်ကိုသွားပြီး ဝါးတွေခုတ်၊ အမျိုးမျိုးသော ပစ္စည်းတွေလုပ်ရင်း ဘဝကို ဖြတ်သန်းခဲ့တယ်။ တစ်နေ့တော့ အဘိုးအို ပုံမှန်အတိုင်း ဝါးခုတ်ဖို့ တောင်ပေါ်သွားတဲ့အခါ တောက်ပနေတဲ့ ဝါးပင်တစ်ပင် ကို တွေ့တယ်။ ထူးဆန်းတယ်လို့ ထင်ပြီး အဲဒီဝါးကို ခုတ်လိုက်တဲ့အခါ အထဲမှာ လက်ဖဝါးအရွယ်အစားရှိတဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးငယ် တစ်ယောက်ကို တွေ့ရတယ်။ အဘိုးအိုနဲ့ အဘွားအိုမှာ သားသမီးမရှိတာကြောင့် အဲဒီမိန်းကလေးကို အိမ်ခေါ်လာပြီး “ကာဂူယာမင်းသမီး (Kaguya-hime)” လို့ နာမည်ပေးကာ တယုတယ ပြုစုစောင့်ရှောက်ခဲ့ကြတယ်။ ကာဂူယာမင်းသမီးဟာ မကြာခင်မှာပဲ…

  • မီးဖိုချောင်နှင့်ပတ်သက်သောစကားလုံးများ

    မီးဖိုချောင်သုံးပစ္စည်းများ (台所用品 – だいどころようひん) မီးဖိုချောင်သုံး ကိရိယာများ (台所の動詞 – だいどころのどうし)

  • 小さな村の刀鍛冶

    (ちいさなむらの かたなかじ) ဝေါဟာရ နှင့် ခန်းဂျီး ရှင်းလင်းချက် 昔々、日本のとある小さな村に、腕の良い刀鍛冶が住んでいました。彼の名はゼンゾウといい、静かな村で毎日刀を磨いていました。ゼンゾウの作る刀は非常に丈夫で切れ味が良く、その評判は徐々に広まっていきました。ある時、都で大きな戦が起こり、多くの武士たちが強い刀を求めていました。ゼンゾウの噂を聞いた武士の一人が村を訪れ、ゼンゾウに刀を作ってほしいと頼みました。ゼンゾウは自分の作った刀が人々の役に立つことを喜び、心を込めて刀を鍛えました。完成した刀は美しく、そして何よりも強靭でした。その刀を使った武士は戦で目覚ましい活躍を見せ、ゼンゾウの名は都にも知れ渡るようになりました。その後も、ゼンゾウは多くの刀を作り続け、彼の技術は多くの人々に認められ、村の誇りとなりました。彼の作った刀と、彼の真摯な姿勢は、長く人々に語り継がれることでしょう。 အသံဖိုင်နားထောင်ရန် ရှေးရှေးတုန်းက ဂျပန်နိုင်ငံရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ရွာလေးတစ်ရွာမှာ လက်ရာကောင်းတဲ့ ဓားလုပ်သမားတစ်ယောက် နေထိုင်ခဲ့ပါတယ်။ သူ့နာမည်က ဇင်ဇိုလို့ခေါ်ပြီး တိတ်ဆိတ်တဲ့ရွာမှာ နေ့တိုင်း ဓားတွေကို သေသေချာချာ သွေးနေခဲ့ပါတယ်။ ဇင်ဇိုလုပ်တဲ့ ဓားတွေက အရမ်းမာကျောပြီး ထက်မြက်တာကြောင့် သူ့ရဲ့ ဂုဏ်သတင်းဟာ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပါတယ်။ တစ်နေ့မှာ မြို့တော်မှာ အကြီးအကျယ် စစ်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး စစ်သူရဲအများအပြားဟာ အားကောင်းတဲ့ ဓားတွေကို ရှာဖွေနေခဲ့ကြပါတယ်။ ဇင်ဇိုရဲ့ သတင်းကိုကြားတဲ့ စစ်သူရဲတစ်ယောက်ဟာ ရွာကိုလာပြီး ဇင်ဇိုကို ဓားလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဇင်ဇိုက သူ့ရဲ့ဓားတွေဟာ လူတွေအတွက် အသုံးဝင်မယ်ဆိုတာကို ဝမ်းသာပြီး ဓားကို သံရည်ကြိုချက်လုပ်ခဲ့ပါတယ်။ ပြီးစီးသွားတဲ့ ဓားဟာ လှပသလို…

  • စိတ်ခံစားချက်နှင့်ပတ်သက်သော စကားလုံးများ

    1. 心 (こころ) – စိတ်၊ နှလုံးသား၊ စိတ်ဓာတ်彼女の心はいつも優しさで満ちている。(かのじょ の こころ は いつも やさしさ で みちている。)သူမရဲ့စိတ်ဟာ အမြဲတမ်းကြင်နာမှုတွေနဲ့ ပြည့်နေတယ်။ 2. 感情 (かんじょう) – စိတ်ခံစားမှု彼の目には様々な感情が表れていた。(かれ の め に は さまざま な かんじょう が あらわれて いた。)သူ့မျက်လုံးတွေထဲမှာ အမျိုးမျိုးသောစိတ်ခံစားမှုတွေ ပေါ်လွင်နေတယ်။ 3. 思いやり (おもいやり) – သနားခြင်း彼の思いやりのある言葉に感動した。(かれ の おもいやり の ある ことば に かんどう した。)သူ့ရဲ့သနားတဲ့ စကားတွေကြောင့် စိတ်ထိခိုက်မိတယ်။ 4 . 寂しい (さびしい) – မျှော်လင့်မှုကင်းခြင်း၊ တကိုယ်တည်းခံစားမှု一人でいると、時々とても寂しい。(ひとりでいると、ときどきとてもさびしい。)တစ်ယောက်တည်းရှိနေတဲ့အခါ၊…

  • နေ့စဉ်စကားပြောများ – 1

    1. နေ့စဉ်သုံးစကားပြော 2. မေးခွန်းမေးနည်း 3. အကြံပြုခြင်း / တောင်းဆိုခြင်း 4. ထင်မြင်ချက်ပြောခြင်း 5. အခြေအနေဖော်ပြခြင်း 6. စျေးဝယ်ခြင်း 7. စားသောက်ဆိုင်တွင် 8. အရေးပေါ်အခြေအနေ 9. ဖုန်းပြောဆိုခြင်း 10. ခရီးသွားခြင်း

  • ညီအစ်ကိုနှစ်ယောက်နှင့်ရွှေအိုး

    ဝေါဟာရ နှင့် ခန်းဂျီး ရှင်းလင်းချက် 昔々、ある村に、仲の良い二人の兄弟がいました。兄はとても正直で働き者、誰にでも親切でした。一方、弟は意地悪で怠け者、いつも文句ばかり言っていました。二人はいつも些細なことで喧嘩ばかりしていました。 ある日、村の近くの道を神様が通りかかりました。神様は、道端で困っているお年寄りの姿を見つけました。その時 正直な兄はすぐに駆け寄り、お年寄りを助けました。重い荷物を持ち上げてあげたり、喉が渇いているだろうとお水を分けてあげたりしました。お年寄りは大変喜び、兄に金色の小さな壺を報酬として与えました。「あなたは親切な心の持ち主ですね。この壺には、あなたの望む富が入っていますよ。」 意地悪な弟は、その様子を陰から見ていました。兄が金色の壺をもらったことを知ると、ひどく妬ましく思いました。次の日、弟も同じように道端で困っているお年寄りのふりをしました。すると、昨日のお年寄りが再び通りかかりました。弟は助けるふりをしましたが、心の中では金色の壺をもらうことしか考えていませんでした。 しかし、神様はお見通しでした。「あなたは心が優しくありませんね。報酬はありません。」と言って、弟には何も与えませんでした。それどころか、弟の嘘つきな態度に怒り、持っていたわずかなお金まで取り上げてしまいました。 正直な兄は、神様から授かった金色の壺のおかげで裕福になりましたが、以前と変わらず、村の人たちに親切にし、困っている人を助けました。一方、意地悪な弟は、自分の行いを後悔しましたが、すでに遅すぎました。彼は報酬を得ることもできず、普通の貧しい生活を送ることになりました。 それからというもの、村人たちは正直で親切な兄を尊敬し、意地悪で怠け者の弟を反面教師として、心を大切に生きるようになったということです。 အသံဖိုင်နားထောင်ရန် ရှေးရှေးတုန်းက ရွာတစ်ရွာမှာ ချစ်ခင်တဲ့ ညီအစ်ကိုနှစ်ယောက် ရှိပါတယ်။ အစ်ကိုဖြစ်သူက အရမ်းရိုးသားပြီး ကြိုးစားတဲ့သူ၊ ဘယ်သူ့ကိုမဆို ကူညီတတ်တဲ့ စိတ်ထားကောင်းရှိသူပါ။ တစ်ဖက်မှာတော့ ညီဖြစ်သူက မနာလိုဝန်တိုစိတ်များပြီး ပျင်းရိတဲ့သူ၊ အမြဲတမ်းလည်း ညည်းညူနေတတ်သူဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အမြဲလိုလို အသေးအဖွဲ့ကိစ္စလေးတွေနဲ့ ရန်ဖြစ်နေတတ်ကြပါတယ်။ တစ်နေ့မှာတော့ ရွာအနီးက လမ်းမကြီးအတိုင်း နတ်ဘုရားတစ်ပါး ဖြတ်သွားခဲ့ပါတယ်။ နတ်ဘုရားက လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ အဘိုးအိုတစ်ယောက်ကိုလည်း တွေ့လိုက်ပါတယ်။ အဲချိန်မှာ ရိုးသားတဲ့ အစ်ကိုဖြစ်သူက ချက်ချင်း ပြေးသွားပြီး အဘိုးအိုကို ကူညီပါတယ်။ လေးလံတဲ့ ပစ္စည်းတွေကို ကူသယ်ပေးသလို၊ ရေဆာနေလောက်တယ်ဆိုပြီး ရေလည်း…