WordPress ဆိုတာဘာလဲ?
WordPress ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး Content Management System (CMS) တစ်ခုဖြစ်ပါတယ်။ CMS ဆိုတာ ဝဘ်ဆိုဒ်တစ်ခုကို အလွယ်တကူ တည်ဆောက်၊ စီမံခန့်ခွဲ၊ တည်းဖြတ်နိုင်ဖို့ ဖန်တီးထားတဲ့ software တစ်ခုပါ။ WordPress ကို အသုံးပြုဖို့ programming အကြောင်းသိစရာမလိုပါဘူး။ ဒါပေမဲ့ code အကြောင်းနားလည်ထားရင်လည်း ပိုပြီးစိတ်တိုင်းကျ ပြုပြင်ပြောင်းလဲလို့ရပါတယ်။ WordPress ဟာ အစပိုင်းမှာတော့ blog တွေအတွက်ပဲ အဓိကရည်ရွယ်ခဲ့ပေမဲ့၊ နောက်ပိုင်းမှာ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ တဖြည်းဖြည်းတိုးတက်လာပြီး အမျိုးမျိုးသော ဝဘ်ဆိုဒ်တွေကို တည်ဆောက်နိုင်တဲ့အထိ အားကောင်းလာခဲ့ပါတယ်။ အခုချိန်မှာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ဝဘ်ဆိုဒ်တွေရဲ့ ၄၀% ကျော်ဟာ WordPress ကို အသုံးပြုထားတာကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ကျော်ကြားမှုကို ခန့်မှန်းနိုင်ပါတယ်။ WordPress ရဲ့အဓိက…
